ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

ဒဂုံတောင် ဇူလိုင် ၂

၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းတွင်းဖြေဆိုသူ ကျား(၆၄၆)ဦး၊ မ(၈၁၄)ဦး စုစုပေါင်း (၁၄၆၀)ဦး ဖြေဆိုမှုတွင် အောင်မြင်သူ ကျား(၂၅၃)ဦး၊ မ(၄၃၆)ဦး စုစုပေါင်း(၆၈၉)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့် (၄၁.၃၀)ဖြစ်ပြီး ပြင်ပမှ ဖြေဆိုသူ ကျား(၉၇)ဦး၊ မ(၁၁၃)ဦး စုစုပေါင်း(၂၀)ဦးအနက်မှ ကျား(၃၃)ဦး၊ မ(၄၄)ဦးစုစုပေါင်း (၇၇) ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ပြင်ပဖြေဆိုသူ အောင်ချက်ရာခိုင်နှုန်း (၃၆.၆၇) ဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ ကျား(၇၄၃)ဦး၊ မ(၉၂၇)ဦး စုစုပေါင်း(၁၆၇၀)ဦးရှိပြီး အောင်မြင်သူ ကျား(၂၈၆)ဦး၊ မ(၄၈)ဦးစုစုပေါင်း (၇၆၆)ဦး အနက်မှ တစ်ဘာသာဂုဏ်ထူးရှင်(၅၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၈)ဦး၊ သုံးဘာသာဂုဏ်ထူရှင်(၁၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၄)ဦး၊

ခြောက်ဘာဘာသာဂုဏ်ထူးရှင်(၁)ဦး၊ စုစုပေါင်း (၁၁၁) ဦး ဂုဏ်ထူးရဘာသာဖြင့် အောင်မြင်ခဲ့ကြပြီး အောင်ချက်ရာခိုင်နှုန်းအားဖြင့်(၄၅.၈၇)ရရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။

နေမျိုးအောင်