မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ (ဃ) ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် (ဃ) ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁)ဗိုလ်မှူး ဖြိုးဝေလင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့၀န်ထမ်းများ ပူးပေါင်း၍ (ဃ) ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ နေအိမ်များအတွင်းရှိနေအိမ်များသို့ သွားရောက်ကာခြင်မှ တဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်း၊ ရပ်ကွက်အတွင်း အသိပညာပေးဗီနိုင်းများကပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုးများတွင် ပိုးလောက်လမ်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)