စမ်းချောင်း ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီးအလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၂၂ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ရပ်ကွက် သွေးလွန်တုတ်ကွေး လူနာနေအိမ်နှင့် ရပ်ကွက်အတွင်း Block Street Spray ပြုလုပ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းစစ်ဆေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုအား စမ်းချောင်းမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိမိ ခိုင်ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး၀န်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မူစ္စလင်ကုသိုလ်ဖြစ်ပရဟိတအသင်းမှ အဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)