ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်း ဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၂၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို ဇူလိုင်လ(၂၂)ရက်နေ့က ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Mr. Francisco Javier Pavon  Molina, Communication Coordinator က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အသင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်၊ လက်ထောက်အထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ကြက်ခြေနီဝန်ထမ်းများ တက်ရောက်ခဲ့သည်။ သင်တန်းကို ဇူလိုင်လ(၂၂)ရက်မှ (၂၃)ရက်နေ့အထိ (၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး ကြက်ခြေနီဝန်ထမ်း (၂၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)