မလှိုင်မြို့နယ်တွင် အောင်နိုင်တိုး အထွက်နှုန်းကောင်းစပါးမျိုးသစ်စိုက်ပျိုး

မလှိုင်  ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ကံကြီးအုပ်စု၊ မျက်သီးကျင်းကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီက အောင်နိုင်တိုး အထွက်နှုန်းကောင်းစပါးမျိုးသစ်ကို တောင်သူ ဦးမျိုးအောင်နှင့် တောင်သူဦးအောင်ဌေးတို့၏ လယ်မြေတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။

အဆိုပါ အောင်နိုင်တိုး အထွက်နှုန်းကောင်းစပါးမျိုးသစ်စိုက်ပျိုးခြင်းကို တောင်သူဦးမျိုးအောင်၏ ကွင်းအမှတ်(၂၃၉)ဦးပိုင်အမှတ်(၁၇)ဧရိယာ(၀.၅)ဧကတွင် လက်ဆွဲမျိုးစေ့ချကိရိယာ(Six Rows Drum Seeder)စက်ဖြင့် အခြောက်သမန်းပြင်တွင် သရုပ်ပြစိုက်ပျိုးခြင်းနှင့် တောင်သူဦးအောင်ဌေး၏ ကွင်းအမှတ် (၂၃၉)ဦးပိုင်အမှတ်(၂၁)ရှိ  ဧရိယာ (၁.၀၀) ဧက စိုက်ခင်းတွင် ခေါင်နှံစနစ်ဖြင့် ပျိုးထောင်ထားသော အောင်နိုင်တိုး အထွက်နှုန်းကောင်းစပါးမျိုးကို စိုက်ပျိုးခဲ့ကြသည်။

ထို့သို့ အောင်နိုင်တိုး အထွက်နှုန်းကောင်းစပါးမျိုးစိုက်ပျိုးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ကြည်နှင့်ဝန်ထမ်းများ၊ ၎င်းကျေးရွာရှိ စပါးစိုက်ပျိုးသော အကျိုးဆောင် တောင်သူ (၁၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မလှိုင်(ပြန်/ဆက်)