ကျောက်ပန်းတောင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ  စုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီလှူဒါန်းပွဲ ကျင်းပ 

ကျောက်ပန်းတောင်း ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီလှူဒါန်းပွဲကို စိတ္တပါလဂူကျောင်းစာသင်တိုက် သာသနာ့ဗိမာန်တော်၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ စိတ္တပါလဂူကျောင်းစာသင်တိုက်နာယကဆရာတော်ဘဒ္ဒန္ဒလာဘထံမှ သီလတရား နာယူကာရေစက်ချအမျှအတန်းပေးဝေခဲ့ပြီး၊ စာသင်တိုက် (၉) တိုက်နှင့်သီလရှင် စာသင်တို က်(၂) တိုက်မှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးဆရာလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင် အလှူရှင်များမှ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီတန်ဖိုး ငွေကျပ်စုစုပေါင်း (၃၃၇၀၀၀၀/)အား လှူဒါန်းခဲ့ကြပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သဲသဲ(ပြန်/ဆက်)