ပေါင် ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ပေါင်းရပ်ကွက်၊ မိုးနိုင်းရပ်ကွက်၊ ရင်းငြိမ်တောင်ကျေးရွာအုပ်စုတို့၌ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံအချို့နှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုအခြေအနေတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးစီးဆုံးရှုံးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာချထားပေးခဲ့ပြီး နေအိမ်များ အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ဘေးသင့်သူများအား ထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံအားပေးခဲ့ကာ တာဝန်ရှိသူနှင့်တွေ့ဆုံ၍ လေပြင်းတိုက်ခတ်ခဲ့မှုပျက်စီးသွားသည့် အခြေအနေတို့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၂၀ လုံး၊ သာသနိကအဆောက်အအုံ ၁ လုံးပျက်စီးခဲ့ပြီး အမျိုးသမီး (၁)ဦးနှင့် ကလေးငယ် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)