ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခု ဖွင့်လှစ်ထားရှိ

ဘီးလင်း ဇူလိုင် ၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး  ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်မြေနိမ့်ပိုင်းနေရာရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် ဘီးလင်းမြစ်၏ စိုးရိမ်ရေအမှတ် (၁၀၂၂)စင်တီမီတာအနီး (၁၀၀၀)စင်တီမီတာသို့ ရောက်ရှိလာသည့်အတွက် မြို့ပေါ်ရပ်ကွက်(၂)ခုတို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ရေဘေးသင့်ဒေသမှ ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ စီစဉ်မှုဖြင့် တပ်မ‌တော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ယနေ့နေ့လယ်ပိုင်းတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုသို့ အိမ်ထောင်စု(၁၄၅)စုမှ အမျိုးသား(၁၉၂)ဦး၊ အမျိုးသမီး(၂၁၃)ဦး၊ စုစုပေါင်း (၄၀၅)ဦးတို့အား ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)