မရမ်းကုန်း ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ဦးဆောင်မှုဖြင့် မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးအရှိန်အမြှင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အမှတ်(၁၊၂၊၃) ရပ်ကွက် များရှိ အိမ်ထောင်စုများနှင့်စာသင်ကျောင်း(၈)ကျောင်းတို့အား အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းစစ်ဆေးခြင်း၊ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းအဖွဲ့ဝင်များ၊ အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်ဆက်)