သာကေတ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းဖွင့်လှစ်ထားရှိသော ကျောင်းပြင်ပသင်တစ်သက်တာပညာရေး(NFPE)နှင့်(NFME)စခန်းများသို့ ဇူလိုင် ၂၁ ရက်မွန်းလွဲပိုင်းက ဗိုလ်တထောင်ခရိုင်နှင့်သာကေတမြို့နယ်မှ တာဝန်ရှိသူများကွင်းဆင်း၍ မြို့နယ်ကြီးကြပ်ရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြသည်။
ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်တို့သည်သာကေတမြို့နယ်အတွင်းရှိ ကျောင်းပြင်ပသင်တစ်သက်တာပညာရေး NFPE(ကျောင်းပြင်ပမူလတန်းပညာရေး) စခန်းနှင့်NFME(ကျောင်းပြင်ပအလယ်တန်းပညာရေး) စခန်းဖြစ်သည့်ရှုခင်းသာရပ်ကွက်ရှိဇေတဝန်ကျောင်းတိုက်တွင်ဖွင့်လှစ်ထားရှိသောအမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း အခြေစိုက်နှင့် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း အခြေစိုက်စေတဝန်ကျောင်း၊ NFPE( ကျောင်းပြင်ပမူလတန်းပညာရေး)စခန်းဖြစ်သည့် ၇/အနောက်ရပ်ကွက်ရှိ ကျောက်ချောင်းသာကျောင်းတိုက်တွင်ဖွင့်လှစ်ထားရှိသော အမှတ်(၃၀) အခြေခံပညာမူလတန်းကျောင်းအခြေစိုက်ကျောက်ချောင်းသာ၊ ၁၀/မြောက်ရပ်ကွက်ရှိ အမှတ်(၁၈)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင်ဖွင့်လှစ်ထားရှိသော(လ(ခွဲ)မ၁၈)၊ကျောင်းများသို့ကွင်းဆင်းကြည့်ရှုပြီး အခြေစိုက်ကျောင်းအုပ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ်ကြီးကြပ်များနှင့် ကျောင်းသား/သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ လိုအပ်သည်များညှိနှိုင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သဲထက်ဇင်(ပြန်/ဆက်)