သာကေတမြို့နယ်တွင် အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

သာကေတ ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr စုစုလွင်နှင့် ဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် (၁/အနော်မာ)ရပ်ကွက်၊ (၂/တောင်)ရပ်ကွက်နှင့် (၁၀/တောင်)ရပ်ကွက်များသို့ကွင်းဆင်း၍ ကွင်းဆင်းအဖွဲ့တစ်ဖွဲ့လျှင် ကျန်းမာရေးဦးစီးဌာနမှ (၁၀)ဦး၊ မီးသတ်ဦးစီးဌာနမှ(၃)ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ(၃)ဦး၊ မြို့နယ်/ရပ်ကွက်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်(၅)ဦး၊ မြို့နယ်လူမှုကူညီရေးအသင်းမှ(၁၀)ဦး၊ ရပ်ကွက်ရာ/ဆယ်အိမ်မှူး(၁၅)ဦးနှုန်းပါဝင်သော အဖွဲ့(၁)ဖွဲ့လျှင်(၄၆)ဦးနှုန်းဖြင့် သက်ဆိုင်ရာရပ်ကွက်များသို့ ကွင်းဆင်းကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)