ကိုကိုးကျွန်းမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးပုံမှန်ဆောင်ရွက်

ကိုကိုးကျွန်း ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့နယ်သန့်ရှင်းသာယာလှပစေရန်နှင့် မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်စေရန် ဇူလိုင်လ ၂၂ ရက်နေ့နံနက် (၇း၃၀) အချိန်တွင် ကိုကိုးကျွန်းမြို့နယ် စည်ပင် သာယာအမှုဆောင်အရာရှိ ဦးပြည့်ဖြိုးမောင်နှင့် စည်ပင်ဝန်ထမ်းများ၊နယ်မြေခံတပ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြို့ဝင်လမ်းဘေးနှင့် မြို့တွင်းမိန်းလမ်းဘေးရှိ ရေနုတ်မြောင်းအားချုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းအတွင်းရှိအမှိုက်များဆယ်ယူခြင်းများပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးကို မြို့နယ်စည်ပင်သာယာရေးဌာနမှဦးဆောင်၍ အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)