လှိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှိုင် ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့ဝင်များက မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၂ ရက်နံနက် ၉ နာရီအချိန်က အမှတ်(၁)ရပ်ကွက်နှင့် အမှတ် (၃)ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး(ကျန်းမာရေးဌာန)မှဝန် ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များက အမှတ်(၁) ရပ်ကွက်နှင့်အမှတ်(၁၅)ရပ်ကွက်တွင် မိုးရာသီကာလ ခြင်၊ ပိုးလောက်လန်းများပေါက်ဖွားမှုမရှိစေရန်၊ ရေစည်၊ ရေအိုး၊ ရေကန်များအား အဘိတ်ဆေး(Abate)ခပ်ခြင်း၊ ခြင်‌ဆေးဖြန်းခြင်းနှင့် ခြင်ပေါက်ဖွားမှုမရှိစေရန်  ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)