မိုးနဲမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုးနဲ ဇူလိုင် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ ၂၀၂၅ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက နားလင့်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအာကာဖြိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးစိုင်းအောင်သင်းနှင့် နားလင့်ကျေးရွာနေပြည်သူများက ပျိုးပင်ပေါင်း ၂၀၀ ကျော်ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)