သာစည်မြို့နယ်အတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်းဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

သာစည် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်းဘေးတစ်လျှောက် စဉ်ဆက်မပြတ်သန့်ရှင်း‌သပ်ရပ်နေစေရန်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်‌နေမှုအခြေအနေများကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သာစည်ဘူတာရုံပိုင်ချုပ်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရထားလမ်းဘေးဝဲယာတလျှောက်မှ ရပ်ကွက်၊ ကျေးရွာနေပြည်သူများက စည်းကမ်မဲ့စွန့်ပစ်ထားသည့်အမှိုက်ပုံများ၊ ခြုံနွယ်ပိတ်‌ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကိုကိုကျော်၊ သာစည်ဘူတာ ရုံပိုင်ချုပ် ဦးဆွေမြင့် တို့နှင့်အတူ ED-RGC-112 ဖြင့် သာစည်မြို့နယ် ဟံဇားကျေးရွာမှ ပျော်ဘွယ်မြို့နယ် ရှမ်းရွာဘူတာအထိ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စဉ်ဆက်မပြတ်သန့်ရှင်းသပ်ရပ်နေစေရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)