မိုင်းခတ် ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုင်းခတ်မြို့နယ်၊မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric Data ကောက်ယူ၍ UID ကတ်များကို နေ့ချင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)