ဒဂုံ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ညှိ့နှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့နံနက် (၉:၃၀) အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရွှေပြည်မှ ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များကို တစ်အိမ်တက်ဆင်း အရှိန်အဟုန်မြှင့်လုပ်ငန်းများဖြစ်သည့် ခြင်ဆေးမှုတ်ခြင်း၊အဘိတ်ဆေးခတ်ခြင်း၊ ဖုံး သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်လုံးကျွတ် တစ်လအတွင်း အပြီးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအရှိန်အဟုန်မြင့် လုပ်ငန်းများကို ဦးဝိစာရရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီကျန်းမာရေးဦးစီးဌာန၏ လမ်းညွန်ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂) ဦးမြင့်အေး၊ ခရိုင်ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ရှိန်၊ မြို့နယ်ကျန်းမာရေးမှူးဒေါက်တာရွှေပြည်နှင့်၀န်ထမ်းများ၊ ဗဟိုသားဖွားသင်တန်းကျောင်းအုပ်ဆရာမကြီးနှင့် သူနာပြုဆရာမများ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ မိခင်ကလေးများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကြက်ခြေနီအဖွဲ့၀င်များ စုစုပေါင်းအင် အား(၇၀)ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)