တိုက်ကြီးမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်

တိုက်ကြီး ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်က ပြည်သူ့လုံခြုံရေးအဖွဲ့များအတွက် ရိက္ခာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၅၀ ဦးအတွက် တစ်ဦးလျှင် ဆန် ၆ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ကြက်သွန်ဖြူ ၅၀ ကျပ်သားနှင့် ရိက္ခာခြောက်များ၊ စုစုပေါင်းငွေကျပ် ၂,၂၁၀,၀၀၀/-ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)