မော်လမြိုင် ဇူလိုင် ၂၄
မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ဥပဒေအသိပညာပြန့်ပွားရေးဟောပြောပွဲကို ဇူလိုင် ၂၂ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ(တာဝန်)၊ မော်လမြိုင်ခရိုင် ဥပဒေအရာရှိ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိ၊ ဒုတိယခရိုင်ဥပဒေအရာရှိ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်က ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အဓိကအခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ဥပဒေကို နိုင်ငံသားတိုင်းသိရှိလိုက်နာ စောင့်ထိန်းမှသာလျှင် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့်ဆက်စပ်ပြီး နိုင်ငံတော်မှ ပြဋ္ဌာန်းဥပဒေများ သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ ၂၀၁၅ ခုနှစ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ၂၀၁၃ ခုနှစ်၊ ရာဇသတ်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ၂၀၁၀/၂၀၂၄၊ ဆက်သွယ်ရေးဥပဒေ ၂၀၁၃၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ၂၀၀၄၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ ၂၀၁၅နှင့် ဥပဒေအကြောင်းသိကောင်းစရာများ အကြောင်းတို့ကို သိရှိနားလည်ထားရန် လိုအပ်မည်ဖြစ် ဟောပြောပို့ချခဲ့သည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနမှ ပေးပို့လာသော လူမှုဆက်သွယ်ရေးကွန်ယက် Facebook ၊ Messenger ၊ You Tube ၊ Telegram တို့မှတစ်ဆင့် ဆက်သွယ်ရေးကွန်ယက်ကိုအသုံးပြုရန် လိမ်လည်မှု၊ တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအသိပညာပေး Video၂ ခုအား ဖွင့်လှစ်ပြသခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်ဥပဒေချုပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊၂၀၂၃ ခုနှစ်၊ ဥပဒေများ၊ နည်းဥပဒေများ (၁၉၄) ခု၊ ရာဇသတ်ကြီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ ၂၀၁၅ စာအုပ်များကို ပြည်နယ်မီးသတ်တပ်ဖွဲ့ စာကြည့်တိုက်တွင် ထားရှိလေ့လာအသုံးပြုနိုင်ရန် ပြည်နယ်မီးသတ်ဦးစီးမှူးထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေအသိပညာပေးဟောပြောပွဲသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အရပ်ဖက်လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်အင်အား (၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)