ပြည်ကြီးတံခွန်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်

ပြည်ကြီးတံခွန် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ (၇၈)လမ်း (ရန်မန်းလမ်းဟောင်း)နှင့် တံခွန်တိုင်ဝိုင်းအနီးရှိ မျိုးသိမ်းဓမ္မာရုံတွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ယနေ့နံနက် ၉ နာရီခွဲက Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သွင်နှင့် ဝန်ထမ်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရထွန်းတို့က ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း၆၅ဦးတို့အား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ယင်းအခမ်းအနားသို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းအောင်မျိုး၊ အဖွဲ့ဝင် (၂)ဦးသောင်းနိုင်၊ အတွင်းရေးမှူး(ကိုယ်စား)ဒုရဲမှူး ဆန်းဦးတို့က တက်ရောက်ခဲ့ပြီး မြို့နယ်လ၀ကဦးစီးမှူး ဦးအောင်သွင်က Biometric (UID)ကဒ် ပြုလုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းမောင်