တာချီလိတ် ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဝီဖာမုန်တိုင်းအရှိန်ကြောင့် ဇူလိုင် ၂၁ ရက် ညပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး ယမန်နေ့ ညနေ ၆ နာရီခွဲခန့်မှစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်ကာ ယနေ့နံနက်ပိုင်းအထိ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းနှင့် တောင်ကျရေများ စီးဆင်းလာခြင်းကြောင့် ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့ပတ်လမ်းအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်းနှင့် ဆန်ဆိုင်း(က၊ ခ) ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။
ခရိုင် (ပြန်/ဆက်)