ကျိုင်းတုံမြို့၌  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူသည့်ဘဏ်၌ UID (Smart Card)များ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

ကျိုင်းတုံ ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID (Smart Card)များ အခမဲ့ပြုလုပ်ပေးခြင်းကို ယမန်နေ့က ကျိုင်းတုံမြို့ မြန်မာ့စီးပွားရေဘဏ်တွင် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား  Biometric Data ကောက်ယူ၍ UID(Smart Card)များ ပြုလုပ်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးဝင်းကျော်သူ တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)