သထုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

သထုံ ဇူလိုင်၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများက မြန်နိုင်ငံအတွင်းအဖြစ်များ‌သည့် သဘာဝဘေး(၉)မျိုးနှင့်ဖြစ်ပွားပုံများ၊ မုန်တိုင်းဘေးဖြစ်ပွားတတ်သည့်ကာလ၊ မုန်တိုင်းသတိပေးချက် အဝါ၊ လိမ္မော်၊ အနီ၊ အညို၊ အစိမ်း အရောင် ငါးမျိုးတို့၏အဓိပ္ပါယ်များ၊ မုန်တိုင်းဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားဆဲနှင့်ဖြစ်ပွားပြီးနောက် စနစ်တကျဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် သတိပြုရမည့်အခြေအနေများ၊ ငလျင်ဘေးဖြစ်ပွားမှုနှင့်ဘေး အန္တရာယ်ကင်းရှင်းရေး သတိပြုလိုက်နာရမည့်အချက်များ၊ ငလျင်ဘေးဖြစ်ပွားပါကစနစ်တကျဆောင်ရွက်ရမည့်အချက်များ စသည်တို့ကိုအကျယ်တဝင့်ရှင်းလင်းဟောပြောပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ဘင်လှိုင်ရပ်ကွက်ရှိ ဝါးတော အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)