ဘီးလင်း ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက အ.ထ.က (ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သထုံခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူးဦးသက်နိုင်ဦးက ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိဒေါ်နှင်းစပယ်က မဲပေးစက်အသုံးပြုခြင်းနှင့်စပ်လျဥ်းသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းတွင် အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲရုံတွင် မဲပေးစက်များကြိုတင်ပြင်ဆင်ခြင်းနှင့်စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန်အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဥ် အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါကဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများရေတွက်ရမည့်အခြေအနေ စသည့်အကြောင်းအရာများကို သင်တန်းနည်းပြများက သင်တန်း သား၊ သင်တန်းသူ(၄၉၇)ဦးတို့အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့၊ လက်တွေ့ ၃ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းသို့ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်စီမံအဖွဲ့ဝင်များ၊ သထုံခရိုင်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူးနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက(MEVM)ကိုင် တွယ်အသုံးပြုခြင်းနည်းလမ်းများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)