ရမည်းသင်းမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique Identity ကတ်များ ပြုလုပ်ပေးလျက်ရှိ

ရမည်းသင်း ဇူလိုင်   ၂၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်နှင့် ဝန်ထမ်းများက  ရမည်းသင်းမြို့ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူ ဖြစ်စေရေးအတွက်  UID (Unique Identity) ကတ်များကို ဇူလိုင် ၂၁ရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးသော အငြိမ်းစားများ၏ UID နံပါတ်များကိုရယူ၍ အချက်အလက်များအား မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension အစီအစဉ်တွင် ထည့်သွင်းနိုင်မည်ဖြစ်သည်။ အဆိုပါ UID ကတ်များ ကွင်းဆင်းဆောင်ရွက်နေမှုကို  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနခရိုင်ဦးစီးမှူး ဦးစိုးမြင့်၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများက ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

 သိမ့်သိမ့်မျိုး(ခရိုင်ပြန်/ဆက်)