ဝမ်းတွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဝမ်းတွင်း ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း-သဲတောတွင် ကျင်းပသည်။

ဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးအေးနိုင်ဦး (ဦးစီးအရာရှိ) က သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ ငလျင်လှုပ်နေစဥ် လိုက်နာရမည့် အချက်များ၊ ငလျင်လှုပ်နေစဥ် ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ၊ မြန်မာနိုင်ငံ၏ ငလျင်ဇုံများအကြောင်း စသည့် အသိပညာဗဟုသုတရဖွယ် အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးအေးနိုင်ဦး (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)