ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ခိုလမ်  ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးဆရာတော် ဦးဝိမလနှင့် ဆရာတော်၊ သံဃာတော်များမှ ဩကာသကန်တော့ချိုး၊ (၅)ပါးသီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ မြို့မိ၊ မြို့ဖများမှ ဝါဆိုသင်္ကန်းများနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲသို့ ကြွရောက်လာသော ဆရာတော် သံဃာတော်ရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တက်ရောက်လာသော ဧည့်သည်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ခိုလမ် (ပြန်/ဆက်)