ကျိုင်းလပ်မြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ကျိုင်းလပ် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက စာရေးဆရာဖေမြင့်၏ “မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ ၂” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ (Book Club)အဖွဲ့ဝင် ဦးကျော်ဝင်းက ဦးဆောင်၍ စာရေးဆရာဖေမြင့် ရေးသားထားသော “မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ ၂” စာအုပ်မှ “အောင်မြင်တက်ကြွသော ဘဝသစ်သို့” ခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် ဘဝ၏ရည်မှန်းချက်ပန်းတိုင်များကို တိတိကျကျချမှတ်စေချင်ကြောင်း၊ ပန်းတိုင်ရောက်လိုသော ဆန္ဒတိုးတက်ကြီးထွားနေအောင် စဉ်ဆက်မပြက်မွေးမြူစေချင်ကြောင်း၊ ယာယီရှုံးနိမ့်မှုများကို ခံနိုင်ရည်ရှိစေချင်ကြောင်း သာဓကများဖြင့် ဆွေးနွေးခဲ့ပြီး (Book Club)အဖွဲ့ဝင် ဒေါ်တင်တင်ဦးက “မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ ၂” စာအုပ်မှ မူမှန်စိတ်ဟုဆိုရာတွင် လောက၌ ထူးခြားနေသည့်အရာတိုင်းသည် အောင်မြင်ခြင်းမဟုတ်ကြောင်း၊ ထူးသလိုလိုနှင့် ရူးသွားကြသူများလည်းရှိကြောင်း၊ စင်စစ်၌ မူမှန်စံမီသော အခြေခံစိတ်ထားရှိကြသူများသာ ရေရှည်တည်တံ့သော အောင်မြင်မှုမျိုး ရရှိနိုင်ကြမြဲဖြစ်ကြောင်း မိမိသိသော သာဓကအကြောင်းအရာများဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များကလည်း မိမိတို့သိလိုသောအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်( ပြန်/ဆက်)