မိုင်းတုံ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့်ဝန်ထမ်းများက မြို့နယ်ပညာရေးတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အ.ထ.က မိုင်းတုံကျောင်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ (၂၅၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီအရာရှိ ဦးမင်းမင်းထွေးက မီးဘေအန္တရာယ်ကြိုတင်ကာကွယ်ရေး၏ ရည်ရွယ်ချက်နှင့်အရေးပါပုံကို အကျယ်တဝန်းရှင်းလင်းပြီးနောက် မြို့နယ်မီးသတ်ဌာနမှ ဒုတိယဦးစီးမှူး ဦးသူရိန်ဖြိုးက ကျောင်းသား/ကျောင်းသူများအား ကိုယ်တိုင်မီးဘေးအန္တရာယ်မှ ကာကွယ်ရမည့်နည်းလမ်းများ၊ ရင်ဆိုင်ရမည့်အခါ စတင်လုပ်ဆောင်ရမည့်အချက်များ၊ ကိုင်ဆောင်ရမည့်ပုံစံများ သိရှိစေလိုရန်နှင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကိုလည်း ပူးပေါင်းဆောင်ရွက် တက်စေရန်လို့အပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့် ဝန်ထမ်းများက မီးငြှိမ်းသတ်ခြင်းများကို ပုံစံအမျိုးမျိုးဖြင့် လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)