ဝမ်းတွင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအား UID( Uniuqe Identity) ဆောင်ရွက်

ဝမ်းတွင်း ဇူလိုင်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ  မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID (Uniuqe Identity) ဆောင်ရွက်ပေးခြင်းများကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးစိုးမင်းထံက သိရသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID (Uniuqe Identity) ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်၍ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများ၏ Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ ပြုလုပ်ကာ UID နံပါတ်များကို ထုတ်ပေးခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးစိုးမင်းက ရှင်းပြသည်။

မြို့နယ်(ပြန်/ဆက်)