ရမည်းသင်း ဇွန် ၂၂
ရမည်းသင်းမြို့နယ်၊ ကင်မွန်းခြုံ-ထီးလှိုင်လမ်းမှ ဇီးဖြူကုန်းရွာသွားလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဒေါ်လင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းကကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရာတွင် အဆင်ပြေစေရန်အတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၄၅.၅၇သန်းဖြင့် ကင်မွန်းခြုံ-ထီးလှိုင်လမ်းမှ ဇီးဖြူကုန်းရွာသွားလမ်း ကတ္တ ရာလမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိသည်။
ကင်မွန်းခြုံ-ထီးလှိုင်လမ်းမှ ဇီးဖြူကုန်းရွာ သွားလမ်းမှာအရှည် (၀/၂.၃၈) မိုင်၊ အကျယ် (၁၂)ပေရှိပြီးအဆိုပါကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းပြီးစီးပါကကျေးရွာမှ ပြည်သူများ ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ခရိုင်ပြန်/ဆက်)