ကွမ်းခြံကုန်းမြို့နယ်၌ စားအုန်းဆီလက်လီလက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ကွမ်းခြံကုန်း ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့် လက်လီလက်ကားအရောင်းဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစားအုန်းဆီရောင်းချသည့် လက်လီဆိုင်များမှ စားအုန်းဆီကိုယ်စားလှယ်ထံမှ လက်ကားဈေးဖြင့်ဝယ်ယူကာ ၂ ရာခိုင်နူန်းအမြတ်ဖြင့် မိမိတို့တာဝန်ယူရောင်းချပေးရမည့် ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စုစာအုပ်ဖြင့် (၇)ရက်တစ်ကြိမ် ၅၀ ကျပ်သားနှုန်းဖြင့် နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားအုန်းဆီများကို စားသုံးသူများလက်ဝယ်အရောက် ရောင်းချသွားရန်၊ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနူန်းဖြင့် ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရန် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူ‌‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံ ကျန်းမာရေး(၃) ဦးထွန်းထွန်းတို့က ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)