လှိုင် ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.မ.က(၆)မူလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကောင်းထက်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများသည် အ.မ.က(၆)မူလွန်ကျောင်းရှိ ကျောင်းသား/သူများအား သွားကျန်းမာရေးနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အသိပညာပေးဖြစ်သော သန့်လေးသန့်ရန်သူ၊ အစာစားပါကဗျာများအား သင်ကြားပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း ဟောကြားခြင်း၊ ပိုးလောက်လန်းစစ်ဆေးခြင်း၊ ပဏမမျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းကျန်းမာရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကောင်းထက်စိုး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သတင်းရသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)