လှည်းကူး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ကျွန်းကလေးကျေးရွာအုပ်စု၊ ကပျဥ်ရိုးကျေးရွာတွင် ခရိုင်/မြိုနယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကေသီခိုင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ ကပျဥ်ရိုးကျေးရွာအတွင်းရှိ နေအိမ်များနှင့် ကျောင်းများရှိ ရေကန်၊ ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သော ခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့အုန်းမှုတ်ခွက်၊ ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်းကာကွယ်ရေး အဘိတ်ဆေးများ ခတ်ခြင်းနှင့် ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့