မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ်(၃)ကို ဆက်လက်သင်ကြားပြသလျက်ရှိ

လှိုင်သာယာ ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းအမှတ်စဉ်(၃)ကို ယနေ့နံနက် (၉) နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စုပေါင်းရုံးမြို့နယ်ခန်းမတွင် ပြုလုပ်သည်။

သင်တန်းအမှတ်စဉ်(၃)အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်နှင့် ၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာမြို့နယ်အဆင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်က သင်တန်းသင်ကြားပို့ချရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့(ခွဲ)ရုံးတာဝန်ရှိသူများက တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုပုံများကို လေ့လာစမ်းသပ်ကြည့်ရှုရန် ပြသပေးကြသည်။

ယင်းနောက် သင်တန်းနည်းပြဆရာများက သင်တန်းတက်ရောက်လာကြသည့် သင်တန်းသားများကို သင်တန်းပို့ချသင်ကြားကြသည်။

သင်တန်းအမှတ်စဉ် (၃)အား (၂၁-၇-၂၀၂၅)ရက်နေ့မှ (၂၂-၇-၂၀၂၅)ရက်ထိ ၂ ရက်ပို့ချသင်ကြားကာ သင်တန်းကိုအမှတ်စဉ်၊ သင်တန်းအမှတ်စဉ် (၆)-(၁ -၈-၂၀၂၅)နေ့ထိ ဆက်လက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)