မိုင်းနောင် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မိဘပင်စင်စားများအားလစဥ် ပုံမှန် (၂၁)ရက်နေ့တွင် ပင်စင်လစာများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိဝန်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျကြိုတင်ပြင်ဆင်ထားပြီးအချိန် ကြန့်ကြာမှုမရှိအောင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။
မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများထုတ်ပေးခြင်းအပြင် ငွေထုတ်၊ ငွေလွှဲလုပ်ငန်းများကိုလည်း လစဉ် ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
မနန်း (မိုင်းနောင်)