မက်မန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းအခမ်းအနား ကျင်းပ

မက်မန်း ဇူလိုင် ၂၁

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အမှတ်(၂) ရပ်ကွက် မင်းရန်အောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်မှ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မင်းထိုက်မှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းနှင့်ပတ်သပ်သည့်အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးပြည့်ဖြိုးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။ အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ ၂၅၂ဦးဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ်ကာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)