လဲချား ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်ပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက သီရိဟံသာခန်းမတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အမှာစကားပြောကြားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဒေါ်ဇင်နွယ်ဌေးက မြန်မာ့အီလက်ထရောနစ်ပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းအား လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိသည်။
မြို့နယ် (ပြန်/ဆက်)