မိုင်းခတ် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးဇော်အေးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းအောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်းကို Power Point ဖြင့်ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများမှ (MEVM)မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့် သင်တန်းသူ၊သင်တန်းသား (၂၆၉)ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကို တစ်ကြိမ်လျှင်(၆၇)ဦးဖြင့် နှစ်ရက်ကြာကာ သင်တန်း(၄)ကြိမ်၊ သင်တန်းကာလမှာ (၂၁-၇-၂၀၂၅) ရက်နေ့မှ (၂၉-၇-၂၀၂၅)ရက်နေ့အထိ စာတွေ့လက်တွေ့ဖြင့် စနစ်တကျသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)