ကျောက်တန်းမြို့(ပါဒ၀) အခြေခံပညာမူလတန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြော

ကျောက်တန်း ဇူလိုင် ၂၁

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက(ပါဒ၀)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံ ကပ်စာစောင်၊ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိ ပညာဗဟုသုတရရှိစေရေး၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရှိစေရေးနှင့် ကောင်းမွန်သောစာပေများကိုဖတ်ရှု့နိုင်ရန်၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်၊ စာပေများကို(အခမဲ့)လာရောက်ငှားရမ်းဖတ်ရှုခြင်းဖြင့်လည်း စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတများ ရရှိစေသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ကဗျာရွတ်ဆိုပြိုင်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်းကျော်(ပြန်/ဆက်)