စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

စမ်းချောင်း ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်၌ UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ  ၀န်ထမ်းများက အငြိမ်းစားနိုင်ငံ၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို အိမ်တိုင်ယာ‌‌ရောက်  ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး အဖိုး၊ အဖွား(၁၅)ဦး ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)