ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုခြင်းနှင့်ဥဩဆွဲခြင်းများ ပြုလုပ်

ပျော်ဘွယ် ဇူလိုင် ၁၉

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူအလေးပြုခြင်း၊ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအထိမ်းအမှတ် ဥဩဆွဲခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီ (၃၇) မိနစ်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ကျင်းပခဲ့သည်။

အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးကကြီးကြပ်၍ သန္ဓေတပ်ဖွဲ့ဝင်များမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကိုအလေးပြုကာ တစ်မိနစ်ငြိမ်သက်ခြင်း၊ မီးသတ်မော်တော်ယာဉ်များဖြင့် ဥဩဆွဲခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး လမ်းမပေါ်တွင်သွားလာနေသော မော်တော်ယာဉ်များကလည်း ရောက်ရှိသည့်နေရာတွင်ရပ်တန့်၍ ဥဩဆွဲအလေးပြုခဲ့ကြသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင်လည်း (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)