အလုံမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

အလုံ ဇူလိုင်လ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်ခန့်က (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၂) ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ချိုပြုံးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများက “မျက်ရည်လှိုင်ဖြိုး ဇူလိုင် ၁၉” ခေါင်းစဉ်ဖြင့် အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပြီး အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများ ပြသခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၂) ဦးအောင်စိုး၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ Book Club အဖွဲ့၀င်များ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ