အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) တွင် ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ပထမနှစ်ကျောင်း သား၊ ကျောင်းသူ (၁၂၇) ဦး၊ ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူ (၉၂) ဦး၊ တတိယနှစ်ပညာသင်ကြားနေသော (၈၀) ဦးတို့မှ စုပေါင်းညီညာစွာဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော အဆောက်အဦနည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း၊ သုတနည်းပညာသင်တန်း၊ အဆောက်အဦ ပြုပြင်ထိန်းသိမ်းခြင်း နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်းတို့မှ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းနှင့်ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၉၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)