မန္တလေးတိုင်းဒေသကြီး အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) ၏ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ဌာနမှူး၊ ညွှန်ကြားရေးမှူးဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး‌နောက် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ဆွေက ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက မရှင်းလင်းသည် များကို မေးမြန်းဆွေးနွေးမှုများအ‌ပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။

အခွန်ပညာပေး အသိပညာပေးဆွေးနွေးပွဲသို့ ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း (၅၄) ဦး တက်ရောက်ကြပြီး တက်ရောက်လာသူများအား အခွန်ဆိုင်ရာ သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့