မန်ကန် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာ မင်းသန်းထိုက် (ဒေးဒရဲ) ရေးသားသော စိတ်ပြင်ခြင်းအနုပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်စိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး၊ Book Club အသင်းမှ မောင်ညီမွန်က အရာရာကျရှုံးသူများ မဖြစ်ရအောင်ကိုလည်းကောင်း၊ ဦးရဲသက်အောင်မှ အလုပ်ကို ဘယ်လိုလုပ်ကြဖို့လိုမလဲကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာသော စာပေချစ်သူများမှလည်း အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို Book Club အသင်း စာပေဝါသနာရှင်များ တက်ရောက်ကြပြီး လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွန်မွန်(ပြန်/ဆက်)