တောင်ကြီး ဇူလိုင် ၁၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တို့ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကိုယနေ့ နံနက် ၁၀နာရီက တောင်ကြီးမြို့နယ် (ရွှေညောင်အားကစားကွင်း) ၌ ကျင်းပပြုလုပ်ခဲ့ရာသစ်ပင်စိုက်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်ရှိ အရာထမ်း/အမှုထမ်းများ၊ နည်းပြဆရာ/ ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် ကံ့ကော်ပျိုးပင် (၁၀) ပင်၊ ခါတော်မီပျိုးပင် (၁၁၀) ပင် ၊ ခရေပျိုးပင် (၁၀) ပင် ၊ ထောပတ်ပျိုးပင် (၁၀) ပင် ၊ ပိတောက်ပျိုးပင် (၁၀) ပင် စုစုပေါင်းပျိုးပင် (၁၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)