တောင်ဥက္ကလာပမြို့နယ် Community Centre တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး ကျပန်းစကားပြော ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

တောင်ဥက္ကလာပ ‌ဇူလိုင်  ၁၈

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို တောင်ဥက္ကလာပမြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်‌ဆွေနှင်းက ဟောပြောပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ပြိုင်ပွဲဒိုင်ချုပ် မြို့နယ် Book Club မှ စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)က ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျပန်းစကားပြိုင်ပွဲကိုဆောင်ရွက်ခဲ့ရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်အ ကောင်းဆုံးယှဉ်ပြိုင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့် Book Club အဖွဲ့ဝင်တို့က  ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်အား‌ပေးလာကြသည့်‌   ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်များက  ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)