သာစည် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးကဏ္ဍဖြင့် တောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါချေးငွေပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ မိတ္ထီလာခရိုင် ရေအရင်းအမြစ်ဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးမျိုးမင်းထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ချေးငွေများ ပေးအပ်ရာ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက တောင်သူ (၂၇) ဦးတို့အား ချေးငွေကျပ်သိန်း ပေါင်း (၂၂၈၅) သိန်းအား ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ မိတ္ထီလာခရိုင် ရေအရင်းအမြစ်ဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးမျိုးမင်းထွန်းနှင့်ချေးငွေရယူသည့်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)