သာကေတ ဇူလိုင်လ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီချိန်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်ကအဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စာရေးဆရာအသင်းအမှု ဆောင်၊မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်ကိုဦးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေးတို့ဟောပြောခဲ့ပြီး မြို့နယ် Book Club ဥက္ကဋ္ဌ ဆရာမနန်းဟင်းပြင်က အာဇာနည်နေ့သိကောင်းစရာအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပပေးရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခြင်း၊ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များပြသခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သာကေတ(ပြန်/ဆက်)